ရွှေပြည်သာမြို့နယ်တွင် မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ဆေး (Oravacs) ပထမအကြိမ် တိုက်ကျွေးလျက်ရှိ

ရွှေပြည်သာ ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ မူလတန်း ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၈ ရက် နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းတို့တွင် ပထမအကြိမ် တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးတိုက်ကျွေးရာတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေး စနစ်တကျတိုက်ကျွေးပေးခဲ့သည်။ ကာကွယ်ဆေးတိုက်ကျွေးရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးမိုး (ပြန်/ဆက်)