ရွှေပြည်သာ ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးဟောပြာပွဲနှင့်သရုပ်ပြခြင်း အခမ်းအနားကို ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေပြည်သာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်ဦးက မူးယစ်ဆေးနှင့်လူငယ်များအကြောင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးကျော်သူထွေးက. အမှိုက်သိမ်းဆည်းခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက အမှိုက်ခြောက်၊ အမှိုက်စို၊ ဘေးအန္တရာယ်ရှိအမှိုက်၊ ပလတ်စတစ်အမှိုက်၊ အမှိုက်အမျိုးအစား (၄) မျိုးခွဲခြားကာ စနစ်တကျစွန့်ပစ်ခြင်း၏ ရည်ရွယ်ချက်နှင့် အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းမှ ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား အမှိုက်အမျိုးအစား(၄)မျိုးခွဲခြားကာ စနစ်တကျစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှု အကြောင်းအရာများပါ၀င်သော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အဆိုပါစွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းအခမ်းအနားသို့ ရွှေပြည်သာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာ၀န်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမိုး (ပြန်/ဆက်)