စဉ့်ကိုင်မြို့နယ်လူထုအ‌ခြေပြုဗဟိုဌာနတွင် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

စဉ့်ကိုင် ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ဩဂုတ် ၂၇ ရ် နံနက် ၁၀နာရီက လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌  ကျင်းပသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ဝင်းဝင်းသန်းက ပြိုင်ပွဲရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ခန်းမအတွင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)