ညောင်ဦးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး

ညောင်ဦး ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပခြင်းကို ဩဂုတ် ၂၇ ရက် နံနက် ၉ နာရီက ပညာရေးစုပေါင်းခန်းမတွင်ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်နိုင်ဦးက လက်ကိုင်ဖုန်းများမှတစ်ဆင့် Telegram ၊ Viber ၊ YouTube ၊ Messenger တို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုအယုံသွင်း၍ စာဖြင့်ဆက်သွယ်ကာငွေကြေးလိမ်လည်ခြင်း၊ သွေးဆောင်ကာ လူကုန်ကူးခြင်းများကို အွန်လိုင်းမှတစ်ဆင့် ကျုးလွန်ကြခြင်းကို အသိသတိဖြင့်ဆင်ခြင်ကြပြီး လိမ်လည်လှည့်ဖြားခြင်းမခံရအောင် နိုင်ငံတကာအွန်လိုင်းလိမ်လည်မှုအသိပညာပေး ဗီဒီယိုပြသသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာစိုးက ကျောင်းသား/ကျောင်းသူများ ကျောင်းစာတွင်သာမက ပြင်ပစာပေများကိုလည်း အားလပ်ချိန်များတွင် အကျိုးရှိစွာ လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်းတို့ဖြင့် ပြင်ပဗဟုသုတများရှာဖွေနိုင်ကြောင်း အသိပညာပေးပြောကြားသည်။

ဒီပါလင်း