တိုက်ကြီးမြို့နယ်၌ လူငယ်များ၏အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပ

တိုက်ကြီး ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုမည့် လူ့စွမ်းအားအရင်းအမြစ်များ‌ ပေါ်ထွန်းလာစေရန်နှင့် လူငယ်များ၏အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (တိုက်ကြီး)ရှိ အနော်ရထာခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်စီဥက္က  ဦးခင်မောင်စိုးက လူငယ်များသည် ကမ္ဘာလောကကြီး၏ အနာဂတ်၊ တိုင်းပြည်နှင့်လူမျိုးတိုင်းအတွက် အရင်းအနှီးကောင်းများဖြစ်ရာ လူငယ်များဘဝဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျပဲ့ကိုင်ထိန်းကျောင်းပေးရန်လိုအပ်ကြောင်း အမှာစကားပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က လူငယ်များ စာဖတ်ခြင်းအလေ့ထွန်းကားလာရေး အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန တိုက်ကြီးခရိုင်တာဝန်ခံ ဦးစီးအရာရှိ ဦးသက်ထွန်းစိုးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ကျောင်းသူလေးများက Myanmar Fitness Dance အကဖြင့် သရုပ်ပြတင်ဆက်သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်စီဥက္က ဦးခင်မောင်စိုးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းသူလေးများက လက်ခံရယူခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးဟိန်းကျော်က အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးအောင်က လက်ခံရယူခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)