ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်ကျေးရွာရှိ ဒေသခံပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒလတိုက်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေး

ကွမ်းခြံကုန်း ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မန်းကလိပ်ကျေးရွာမှ ဒေသခံပြည်သူများကို ယမန်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ်ဆေးကုသရေးအဖွဲ့က ဇေယျာသူခကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျား(၆၂)ဦး၊ မ(၉၄)ဦး စုစုပေါင်း(၁၅၆)ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊  ကလေးရောဂါ၊ အရိုး၊ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်းလည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်၊ အဖွဲ့ဝင်ဗိုလ်မှူးပြည့်စုံစိုးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကသွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆွေနွယ်(ပြန်/ဆက်)