ကွမ်းခြံကုန်း ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်းမြို့နယ်တွင် အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အိုင်အို ဒင်းဆားများစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် အိုင်အိုဒင်းဆားနှင့်ရိုးရိုးဆားများရောင်းချနေသော ကုန်စုံဆိုင်များတွင် စိန်ကမ္ဘာအမှတ်တံဆိပ်၊ အိုင်အိုဒင်းဆားများ၊ PPA အမှတ်တံဆိပ်အိုင်အိုဒင်းဆားထုတ်များနှင့် ရိုးရိုးဆားတို့တွင် အိုင်အိုဒင်းဓာတ်15PPM ပြည့်ဝစွာ ပါဝင်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထို့နောက် ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်နွယ်နွယ်အေးက အခြေခံစားသောက်ကုန်ဖြစ်သောဆားသည် လူတို့နေ့စဥ်သုံးစွဲနေကြသောကြောင့် အိုင်အိုဒင်းဓာတ်ပြည့်ဝသောဆားများကို အဓိကထားရောင်းချကြရန်၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို လုပ်ငန်းရှင်များအားဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်နွယ်နွယ်အေး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)