တပ်ကုန်း ဩဂုတ်၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေများကြောင့် အနော်ရထာရပ်ကွက်၊ လူနေဝိုင်းခြံများအတွင်း ရေများဝင်ရောက်လာသဖြင့် ယနေ့မွန်းလွဲပိုင်းက အနော်ရထာရပ်ကွက်မှ ပြည်သူများ မြဝတီရပ်ကွက်၊ တည်ကုန်းမင်္ဂလာကန် ဘုန်းတော်ကြီးကျောင်းသို့ ယာယီရွှေ့ပြောင်းလာကြသည်။
အဆိုပါပြောင်းရွှေ့လာသည့် ပြည်သူများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေး၍လည်းကောင်း၊ မြို့နယ်(MSME)အသင်း၊ မြို့နယ်ဆီကုန်သည်အသင်း၊ ဓမ္မရောင်ခြည်လူငယ်ပရဟိတအဖွဲ့၊ ပေးဆပ်သူလူငယ်ပရဟိတအဖွဲ့များက ဆန်၊ ဆီ၊ ရေသန့်၊ ထမင်းဗူးများ ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါရပ်ကွက်တွင် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
တင်စိုးလွင်