မြစ်သားမြို့နယ်တွင်ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး 

မြစ်သား ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်စက်မှုစိုက်ပျိုး‌မွေးမြူ‌ရေးအထက်တန်း‌ကျောင်းတွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က  အမှာစကား‌ပြောကြားပြီး ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဇော်မင်းထွေးက ဆက်သွယ်ရေးလိမ်လည်မှုနှင့်စပ်လျဥ်း၍ အသိပညာ‌ပေးဆွေးနွေးဟောပြောခဲ့ပြီး ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး ဆိုင်ရာအသိပညာပေး ဗီဒီယိုများကို ပြသသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်သည်။

ဝါဝါမြင့် (မြစ်သား)