ညောင်ရွှေမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်

ညောင်ရွှေ ဩဂုတ် ၂၇

လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့ နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ညောင်ရွှေမြို့နယ် အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်မွန်ဦးက အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် သင်တန်းနည်းပြများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးပို့ချပေးခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ