ပြင်ဦးလွင် ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် လွန်ကောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးစာပေဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲကကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီမြင့်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက “လူကုန်ကူးမှုအန္တရာယ်”၊ မြန်မာစာပေယဥ်ကျေးမှု အသင်းဥက္ကဌ စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေးခဲ့ သည်။ ထို့နောက် ဟောပြောဆွေးနွေးချက်များကို ကျောင်းသား/ကျောင်းသူများအား မေးမြန်းဆွေးနွေးပြီး လက်ဆောင်များပေးအပ်သည်။ ဆက်လက်၍ မြင့်မြတ်ပညာရေး ဖောင်ဒေးရှင်းမှ အဖွဲ့၀င် ဦးဟိန်းမင်းဦးက စာပေဟောပြောပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ မုဒိတာစကားပြောကြားသည်။
ထို့နောက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ကျောင်းသူများအား အသိလိမ္မာရဖွယ် ပုံပြင်များဖတ်ကြားပြသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၅၀ တက်ရောက် ခဲ့သည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)