မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာန၌ သဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်

မိုးနဲ ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယ‌နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်စခန်းတွင် ကာဂျီကီ(KAJIKI) မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ထားမှုများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌ဆောင်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြသည်။

မီးသတ်တပ်ဖွဲ့ဝင်များ ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို စနစ်တကျထားရှိမှု၊ မီးသတ်စခန်းရှိတပ်ဖွဲ့၀င်များစုဖွဲ့ ပြင်ဆင်မှု၊ မီးဘေးလုံခြုံရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်မှု၊ ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ကို ကျေပွန်အောင်ဆောင်ရွက်ရေး၊ ကာဂျီကီ(KAJIKI) မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် လူ/ ယာဥ်/ စက်၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှုနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)