မိုင်းခတ်၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

မိုင်းခတ် ဩဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းအခြေအနေကို တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုင်းတုံပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သဇင်နှင့်အဖွဲ့သည် မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများနှင့်‌တွေ့ဆုံ၍ လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများအကြောင်း ဆွေးနွေးမှာကြားပြီး မိုင်းခတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများဖြစ်သော ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင်(လားဟူ)ကျေးရွာ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ဝက်မွေးမြူရေးလုပ်ငန်းနှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း၊ စံပြကျေးရွာစာကြည့်တိုက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ထွေးက လိုက်လံပြသရှင်းလင်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)