မိုင်းခတ် ဩဂုတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မိုင်းခတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်က အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အေးထွန်းက ဆက်သွယ်ရေးဥပဒေဆိုင်ရာ အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များအကြောင်းနှင့် ဆက်သွယ်ရေးကိရိယာဆိုင်ရာ မိုဘိုင်းဖုန်းများ၊ Social Media များ၊ အွန်လိုင်းဆိုင်ရာဂိမ်းများ နှင့် Website Application များ စသည့်နည်းပညာများကို အသုံးပြု၍ အုပ်စုဖွဲ့ငွေကြေး လိမ်လည်မှုဖြစ်စဉ်များအကြောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးအောင်က ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းချက် အခန်း(၁၆)စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ အခန်း(၁၇)အယူခံရုံးဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ကြားနာခြင်းနှင့်ဆုံးဖြတ်ခြင်း၊ အခန်း(၁၈)ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ဟောပြောကာ လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို ၂ ခုအား ပရိုဂျက်တာဖြင့် ဆင့်ပွားအသိပညာပေးပြသခဲ့သည်။
ဆက်လက်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နော်ဝါဝါမောင်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်တို့က ဆက်သွယ်ရေးဆိုင်ရာလိမ်လည်မှုနှင့်ပတ်သက်၍ သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မိုင်းခတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နော်ဝါဝါမောင်နှင့် အဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)