မိုးနဲ ဩဂုတ် ၂၇
ရှမ်းပြည်နယ်၊ (တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က နောင်ကျော့ရပ်ကွက် ဓမ္မာရုံနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချောစုမာက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက အွန်လိုင်းအသုံးပြုသူပြည်သူများအနေဖြင့် သတိပြုသင့်သည့်အချက်များ၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ချစ်ကိုကိုက အွန်လိုင်းမှတစ်ဆင့် လူကုန်ကူးဆောင်ရွက်နေမှုများ ၊မြို့နယ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်နန်းလောဝ်ဟိန်းက ဆက်သွယ်ရေးဆိုင်ရာနည်းလမ်းများအသုံးပြု၍ လိမ်လည်မှုများနှင့်စပ်လျဉ်း၍ အသီးသီးပြောကြားခဲ့ကြသည်။
ထို့နောက် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနတို့မှပေးပို့လာသော ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ သိကောင်းစရာ (Video Clip)များအား ပရိုဂျက်တာဖြင့် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)