မိုင်းပျဉ်း ဩဂုတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော (MCCT)အာဟာရအသိပညာပေးဆင့်ပွားသင်တန်းအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့်ကလေးကျန်းမာရေးဆရာမ ဒေါ်နန်းမြအေးက ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးများအတွက် အာဟာရနှင့်ဆေးတိုက်ကျွေးမှုများအကြောင်းနှင့် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က MCCT အာဟာရအကြောင်းတို့ကို အသိပညာပေးရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မိုင်းပျဉ်းမြို့နယ် လူမှုဝန်ထမ်းရုံးမှ လူမှု-(၄) ဒေါ်ခင်ဝတ်မှုံက MCCT အာဟာရနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများ၏ မေးမြန်းကြသောအကြောင်းအရာများကို ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအသင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)