မိုင်းပန် ဩဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သရုပ်ပြပွဲအခမ်းအနားကို ဟိုဖိုင်လုံကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်နန်းမြမြအေးက အဖွင့်မှာစကားပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသုံးပြုပုံများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ဟိုဖိုင်လုံကျေးရွာနေပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)စက်ဖြင့် စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)