ညောင်ဦး ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၊ ပုဂံမြို့တို့တွင် ရောင်းချလျက်ရှိသော လမ်းမကြီးဘေးဈေးဆိုင်များနှင့်အိမ်ဆိုင်များ ဈေးရောင်းချမှုစနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရ ထာခန်းမ၌ ဩဂုတ် ၂၇ ရက် နံနက် ၁၁ နာရီက ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်မောင်ခက ပုဂံ-ညောင်ဦး အဓိကလမ်းမကြီးဘေး ရောင်းချလျက်ရှိသော ဈေးဆိုင်များနှင့်အိမ်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး၊ ပညာပေးကာလအတွင်း သတ်မှတ်စံနှုန်းများပြုပြင်ထားနိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်ပြီး မြို့အင်္ဂါရပ်နှင့်အညီရောင်းချခြင်းအားဖြင့် မိမိတို့မြို့များ သန့်ရှင်းသပ်ရပ်ကာ ဈေးရောင်းဈေးဝယ်များစိတ်ချမ်းသာအဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဈေးသည်များမှ သိရှိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများကပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း