အမရပူရ သြဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ပိန်းတန်းအခြေခံပညာမူလတန်းကျောင်းနှင့်ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလေးများ စာကြည့်တိုက်နှင့်ယဥ်ပါးစေရန် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်စဥ်ဖြင့် ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းက ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာပေကြောင့် ဘဝမှာအောင်မြင်သွားသည့် ပုဂ္ဂိုလ်များအကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူလေးများ နားလည်သဘောပေါက်အောင် ရှင်းလင်းဟောပြောပေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက ခင်ကျင်းထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)