မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ဧက ၈၀၀ စိုက်ပျိုးပြီးစီး 

မိတ္ထီလာ သြဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ဧက ၈၀၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထိလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ  ဆည်ရေကန်ရေများဖြင့် မိုးစပါးစိုက်ဧက ၈၀၀ အား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသွားရန် လျာထားသတ်မှတ်ခဲ့ပြီး ၎င်းလျာထားသတ်မှတ်ထားသည့်စိုက်ဧကများ သတ်မှတ်လျာထားချက် ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့နယ်အတွင်း၌ ကျေးရွာအုပ်စု ၁၁ အုပ်စု ကျေးရွာ ၁၇ ရွာရှိ တောင်သူ ၄၁၅ ဦးမှ ကွင်း ၂၀ ဖြင့် မိုးစပါးစိုက်ဧက ၈၀၀ စိုက်ပျိုးထားရှိသည်။   

ယင်းသို့ စိုက်ပျိုးထားရှိရာတွင်  မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၌  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာရှိ တောင်သူ ၈၇ ဦးမှ ကွင်း ၂ ကွင်းဖြင့် မိုးစပါးစိုက်ပျိုးဧက ၁၅၀ ဧက ၊ညောင်ကိုင်းကျေးရွာအုပ်စု ညောင်ကိုင်းကျေးရွာရှိ တောင်သူ ၄၇ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၈၀ ဧက၊ ခင်လူးကျေးရွာအုပ်စု ခင်လူးကျေးရွာရှိ တောင်သူ ၆၅ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၁၀၀ ဧက၊ လျှော်ဖြူကန်ကျေးရွာအုပ်စု လျှော်ဖြူကန်ကျေးရွာရှိ တောင်သူ ၂၇ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၈၀ ဧက၊ ကန်သာကျေးရွာအုပ်စု ကျွန်းဖိုးပင်ကျေးရွာရှိ တောင်သူ ၁၉ ဦးမှ ကွင်း ၂ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၅၀ ဧက၊ ညောင်ကန်ကျေးရွာအုပ်စု ညောင်ကန်ကျေးရွာရှိ တောင်သူ ၂၅ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၅၃ ဧက၊ သဲကုန်းကျေးရွာရှိ တောင်သူတစ်ဦးမှ ကွင်း ၁ကွင်းဖြင့် မိုးစပါးစိုက်ဧက ၁ ဧက၊ ကံကြီးကျေးရွာရှိ တောင်သူ ၁၅ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၂၄.၅ ဧက၊ ကျောင်းရွာကျေးရွာအုပ်စု ကျောင်းရွာရှိ တောင်သူ ၁၆ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါး စိုက်ဧက ၃၁.၅ ဧက၊ ကျီးပင်ခွကျေးရွာရှိ တောင်သူ ၂၁ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၅၀ ဧက၊ ကျောက်တိုင်ကျေးရွာရှိ တောင်သူ ၁၀ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၂၀ ဧက၊ ကွက်ငယ်ကျေးရွာအုပ်စု ကွက်ငယ်ကျေးရွာရှိ တောင်သူ ၁၈ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၄၀ ဧက၊ ဇီးချိုကုန်းကျေးရွာရှိ တောင်သူ ၂ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၂ ဧက၊ ဒဟတ္တန်းကျေးရွာရှိ တောင်သူ ၁၀ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၃၁ ဧက၊  မြာကျေးရွာအုပ်စု ရေဝေကျေးရွာရှိ တောင်သူ ၁၁ ဦးမှ ကွင်း ၁ကွင်းဖြင့် မိုးစပါးစိုက်ဧက ၃၆ ဧက၊ အိုင်ကြီးလည်ကျေးရွာအုပ်စု အိုင်ကြီးလည်ကျေးရွာရှိ တောင်သူ ၂၉ ဦးမှ ကွင်း ၂ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၃၈ ဧကနှင့် အလည်ရွာကျေးရွာအုပ်စု အလည်ရွာကျေးရွာတွင် တောင်သူ ၁၂ ဦးမှ ကွင်း ၁ ကွင်းဖြင့် မိုးစပါးစိုက်ဧက ၁၃ တို့ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

သိန်းမြင့်ကျော်(မိတ္ထီလာ)