လဲချား သြဂုတ် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် နောင်ကော့ကျေးရွာတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများသည် အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နောင်ကော့ကျေးရွာအုပ်စုနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ မကျန်ရှိစေရေးနှင့် အိမ်ထောင်စုမရှိသူများ မကျန်ရှိစေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့်အတူ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)