ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်လုံးဆိုင်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနား ကွမ်းခြံကုန်းမြို့နယ်တွင် ကျင်းပ

ကွမ်းခြံကုန်း ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်လုံးဆိုင်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က ဇာတိမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီ ဥက္ကဋ္ဌ ဦးချန်ဖီယာန်က အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဥ်များနှင့် လိုအပ်သည့်လုပ်ငန်းလမ်းညွှန်ချက်များအား မှာကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးပြည့်ဖြိုးဟိန်းက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်တာဝန်များ၊ ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့ဆက်လုပ်ဆောင်သွားရမည့် ပရဟိတအခြေခံ လူမှုလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၅၂၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)