မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်  ဓာတ်မြေသြဇာဝယ်ယူမည့် ကျေးရွာအုပ်စု(၂၄)စုမှ ကျေးရွာ  တောင်သူများ တွေ့ဆုံဆွေးနွေး

မြစ်သား   သြဂုတ်    ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာအုပ်စု(၂၄)စုသို့ မိုးစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေသြဇာဝယ်ယူမည့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီခွဲက အဆိုပါရုံးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က  အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းနိုင်က တောင်သူများအကျိုး ဖြစ်ထွန်းစေရေးအတွက် မိုးစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဝယ်ယူရရှိမည့် ဓာတ် မြေသြဇာများကို  စနစ်တကျသုံးစွဲနိုင်ရေး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှူး ဦးအောင်မျိုးချစ်က မြေပြင်ရှိသီးနှံထုတ်လုပ်သည့် အကြောင်းအရာများကို ပြောကြားပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)