မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်

မိုးနဲ ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်၊ နောင်ကျော့ဓမ္မာရုံစုရပ်နေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မိုးနဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုဝင်းက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိထားရမည့်အချက်များ၊ လိုက်နာမှတ်သားထားရမည့်အချက်များ၊ သတိပြုဖွယ်အချက်များနှင့် ဆောင်ရွက်ရမည့်အချက်များကို မြန်မာဘာသာဖြင့် ပြောကြားပေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ  ရှမ်းဘာသာဖြင့် ပြန်လည်ရှင်းပြကာ မဲဆန္ဒရှင်ပြည်သူ (၁၅၀)ဦးအား အသိပညာပေးခဲ့ပြီး မဲပေးစက်ဖြင့် လက်တွေ့မဲပေးနည်းကိုလည်း သရုပ်ပြခဲ့ကြကြောင်း တာဝန်ရှိသူထံမှသိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်သည့်နေရာသို့ တာဝန်ရှိသူများမှ လာရောက်ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး မွန်းလွဲ ၁ နာရီအချိန်၌ ဝမ်ဟေအုပ်စု၊ ဝမ်ဟေအုပ်ချုပ်‌ရေးမှူးနေအိမ်တွင် မဲဆန္ဒရှင်ပြည်သူ (၁၀၀)ဦးအား အသိပညာပေးခြင်းနှင့် မဲပေးစက်ဖြင့် မဲပေးစမ်းသပ်သရုပ်ပြခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်ကိုကို