မိတ္ထီလာ ဩဂုတ်၂၇
မိတ္ထီလာ၌မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအား ပထမအကြိမ်အာဟာရကျွေးမွေးခြင်းကို အလက(လေ့ကျင့်ရေး)၌ ဩဂုတ်၂၆ ရက်က ဆောင်ရွက်သည်။
အလက(လေ့ကျင်းရေး)ကျောင်းရှိ KG ကျောင်းသား ကျောင်းသူ ၁၀၀ ကို အာဟာရကျွေးမွေးခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးကျော်ဇေယျ၊ မိတ္ထီလာအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးအေးကျော်၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာ စုလတ်ထွေး၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်အလက(လေ့ကျင့်ရေး) ကျောင်းအုပ်ကြီး၊ မိခင်ကလေးအသင်း အဖွဲ့ဝင်များနှင့်အလက(လေ့ကျင့်ရေး) ဆရာဆရာမများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ