မိုင်းရှူးမြို့၌ ဒေသခံပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး သြဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ဘုံခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းဝိုခမ်းက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းပုံစံအား အကျယ်တဝံ့ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)