မိတ္ထီလာတက္ကသိုလ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကွယ်ရေး အသိပညာပေး

မိတ္ထီလာ ဩဂုတ်၂

မိတ္ထီလာတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကွယ်ရေး အသိပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဝန်ဇင်းခန်းမတွင် ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် ပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားသည်။ ဆက်လက်၍  အမှတ်(၁) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး တပ်ဖွဲ့စိတ်(မိတ္ထီလာ)မှ ဒုရဲမှူးလှိုင်စိုးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ၊  အမှတ်(၅၅) မူးယစ်တပ်ဖွဲ့စု(မိတ္ထီလာ)မှ ရဲအုပ်ကျော်စိုးလင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ ဆရာမ ၁၄ ဦးနှင့် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ ၄ဝဝ  တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ