မိုင်းယောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မိုင်းယောင်း ဩဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင်  မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့က ဝမ်ဘိုးအုပ်စု၊ နားဖန်းကျေးရွာနှင့် ယမ်းမွန်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးမိုးဝင်း(ခ)တင်မိုးဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကော်မရှင်ရုံးမှ ဒုတိယဦးစီးမှူး ဦးဇင်မင်းထွန်းနှင့် အကြီးတန်းစာရေး ဒေါ်သန်းသန်းစောတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနည်းအား သရုပ်ပြသခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းသောင်းငွေ၊ ကျေးရွာတာဝန်ခံနှင့် ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းကို လက်တွေ့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း