မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

မက်မန်း ဩဂုတ် ၂၇

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG မှ Grade-4 ကျောင်းသား/ ကျောင်းသူ များအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် KG ကျောင်းသား/ ကျောင်းသူများကို အာဟာရကျွေးမွေးခြင်းကို ဩဂုတ်လ (၂၅) ရက်နေ့က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းကို မက်မန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတိုးသူရအောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက KG မှ Grade-4 ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းစီကို ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး KG ကျောင်းသား/ကျောင်းသူ ၁၇ ဦးအား နေ့လယ်စာ အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အေဇက်ထွန်း(မက်မန်း)