ဗဟန်း ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ မဲဆန္ဒရှင်ပြည် သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား ယမန်နေ့နေ့လယ် ၁ နာရီအချိန်က အရှေ့ရွှေဂုံတိုင်ရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)နှင့် ဗိုလ်ချိုအမှတ် (၁)ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းနှင့် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းအား ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်နေမှူများအား ကမာရွတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်နှင့် ဗိုလ်ချိုအမှတ်(၁)ရပ်ကွက်များရှိ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်စေခဲ့ပြီး မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်း ဆောင်ရွက်ရာ၌ မဲဆန္ဒရှင် စုစုပေါင်း ၉၀၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)