သာကေတ သြဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာတေမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ အမှတ်(၁)ဈေးအတွင်း လက်လီရောင်းချလျက်ရှိသော အိမ်သုံးဆားအရောင်းဆိုင်များသို့ ယနေ့နေလယ်(၁)နာရီအချိန်က ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr စုစုလွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်နှင့် ဈေးတာဝန်ခံရုံးမှ တာဝန်ရှိသူများ၊ ၁/အနော်မာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးအတွင်း ရောင်းချလျက်ရှိသော အိမ်သုံးဆားများတွင် အိုင်အိုဒင်းပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သဲထက်ဇင် (ပြန်/ဆက်)