လူထုအခြေပြု လူမှုစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

လှိုင်သာယာ ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ Sky Hotel တွင် ယနေ့နံနက်ပိုင်း၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုလူမှုစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရေးမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်က ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆိုင်ရာများ၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဥပဒေများအား သင်ကြားပို့ချပြီး စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ညှိနှိုင်းရေးမှူး ဒေါ်မယ်လီဇာအေးမောင်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုအခြေခံမှုများအား သင်တန်းပို့ချခဲ့ပါသည်။

ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၈)ဦးတို့က သိရှိလိုသည်များကိုမေးမြန်းကြပြီး သင်တန်းနည်းပြများက မေးမြန်းမှုများအား ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

အဆိုပါသင်တန်းသည် ပြည်သူများအား လူမှုဘဝတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ (၂၆-၈-၂၀၂၅)ရက်နေ့ တစ်ရက်တည်းသာ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြို့နယ် (ပြန်/ဆက်)