မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်း ကျင်းပ

မင်္ဂလာတောင်ညွန့် ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)၌ (BookClub)အဖွဲ့ဖြင့် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “‌ခေါင်းဆောင်မှုနှင့်စီမံခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့‌ နေလယ်(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းပြုလုပ်ခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြော​ကြားသည်။

ထို့နောက် (Book Club) အဖွဲ့ဝင် ဒေါ်နွဲ့နွဲ့စန်းက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှုနှင့်စီမံခြင်း”နှင့် “လူဆိုသည်မှာ” ခေါင်းစဉ်ပါအကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး (Book Club) အဖွဲ့ဝင် မောင်ကျော်မြင့်ဦးက ပြန်လည်ဆွေး‌နွေးခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မြတ်မြတ်အေး (ပြန်/ဆက်)