ပင်လုံ သြဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ရပ်ကွက်(၄)တွံမို စာကြည့်တိုက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ဒေါ်ဖြိုးအိအိတာ ဒုတိယဦးစီးမှူးနှင့် ရုံးအကူ ဒေါ်ကျော်သက်နှင်းတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့်ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းဆောင်ရွက်ရသည့်ရည်ရွယ်ချက်နှင့် အီလက်ထရော်နစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသုံးပြုပုံအသုံးပြုနည်းများအား ရှင်းလင်းပြသပေးခဲ့ပြီး တက်ရောက်လာသော ပြည်သူများက (MEVE)စက်ဖြင့် ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်း အသိပညာပေး ဟောပြောပွဲသို့ အဆိုပါရပ်ကွက်ရှိပြည်သူ(၁၂၀)ဦး တက်ရောက်ခဲ့ပြီး ကျန်ရှိရပ်ကွက်နှင့်ကျေးရွာအုပ်စုအားလုံးတို့မှ ပြည်သူများအား ရက်အလိုက်နေရာဒေသသတ်မှတ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)