အမရပူရ သြဂုတ် ၂၆
နှစ်စဉ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ဩဂုတ် ၂၆ ရက် မွန်းလွဲ ၁ နာရီက အမရပူရမြို့နယ်ရှိ ရတပုံတက္ကသိုလ် အဆောင်-၂၂ ၌ ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲတွင် ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများသည် စာစီစာကုံးပြိုင်ပွဲတွင် “လူကုန်ကူးမှုတိုက်ဖျက်ရေး ဝိုင်ဝန်းကူညီပေး” ခေါင်းစဥ်ဖြင့် (၂၉) ဦး၊ ကဗျာပြိုင်ပွဲတွင် “လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဥ်ဖြင့် (၆) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ယှဥ်ပြိုင်နေမှုအား ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)