အလုံ ဩဂုတ် ၂၆
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများအား ပူးပေါင်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသန်းနိုင်စိုးဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာသက်စုမွန်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ ဦးစီးအရာရှိ ဒေါက်တာရှိန်းဇေယျာဖြိုးတို့ပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် UNICEF မှ ဒေါက်တာခင်မောင်လွင် (Social Behaviour Change consultant) တို့နှင့် ပူးပေါင်း၍ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Monitoring and Supervision for Interpersonal Communication for Routine Immunization Program ဖြင့် Supportive Supervision လာရောက်ခဲ့သည်။
ထို့ပြင် မိခင်(၂၀)ဦးတို့အား အခြေခံကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးအသိပညာပေးနေမှုအား ဆန်းစစ်လေ့လာခြင်း၊ ပရိသတ်များမှ ပြန်လည်ပြောဆိုမှုများကို နားထောင်ခြင်း၊ တုံ့ပြန်ပြောကြားခြင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးအသိပညာပေးနည်းလမ်းများကို စနစ်တကျကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးအတွက် ဆန်းစစ်မေးခွန်းများ မေးမြန်းခြင်း၊ မိခင်များအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းနှင့် ပတ်သက်သည့် ဗဟုသုတဆန်းစစ်မေးခွန်းများ မေးမြန်းခြင်းနှင့် မိခင်များ၏ အချင်းချင်းကျန်းမာရေး အသိပညာပေးခြင်းများအား ဆန်းစစ်ခြင်းနှင့် မိခင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောဧရာ (ပြန်/ဆက်)