ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးစပါးတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေသြဇာ (သွင်းအားစု) ပေးအပ်

ဆိပ်ကြီးခနောင်တို သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးစပါးတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့်ဓာတ်မြေသြဇာ(သွင်းအားစု)ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုး‌ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ အတွင်းရေးမှူး ဦးလှဌေးက ဓာတ်မြေဩဇာစနစ်တကျသုံးစွဲရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများအား ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆိပ်ကြီးခနောင်တို မြို့နယ်ရှိ မိုးစပါးစိုက်ဧက (၄၅) ဧကအတွက်ရရှိသော ယူရီးယား (ဩဘာ) ဓာတ်မြေသြဇာအိတ်ဆယ်အိတ်အား တောင်သူ ငါးဦးထံသို့ လက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့ပြီး၊ စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုး‌ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)