မြင်းခြံ ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက(၂) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်သည်။
ဟောပြောပွဲတွင် အထက(၂) ကျောင်း ယာယီကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန် ဟောပြောသည်။
ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ် စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)