မိုင်းတုံ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်တုံခရိုင်၊ မိုင်းတုံမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အရ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ကိုင်ရန်အတွက် ဒေသကြက်များဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပန်ကျိုင်းကျေးရွာရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးက အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ဖြိုးဝေက ကြက်များတွင် ဖြစ်ပေါ်တတ်သော ရောဂါများအကြောင်းနှင့် ကြက်ဖြန့်ဖြူးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ပန်ကျိုင်းကျေးရွာရှိ အိမ်ထောင်စု (၅)စုအတွက် တစ်အိမ်ထောင်လျှင် ဒေသကြက် (၁၀)ကောင်နှုန်းဖြင့် စုစုပေါင်း ဒေသကြက်ကောင်ရေ (၅၀)အား မွေးမြူရေးတောင်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးကျော်စိုး(ပြန်/ဆက်)