ဥတ္တရသီရိ ဩဂုတ် ၂၆
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာ ကွင်းအမှတ် (၁၈၈၅)ရှိ တောင်သူ ဦးမင်းထွန်း၏ စိုက်ဧက ၁၀ ဧကတွင် မိုးစပါးဆင်းသုခစပါးမျိုးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် တောင်သူများနှင့်တွေ့ဆုံ၍ မျိုး၊ မြေ၊ ရေ နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးနိုင်ရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ သီနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေသြဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲစေရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်ရေး၊ ပေါ်ဆန်းမွှေးနှင့် အောင်နိုင်တိုးစပါးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကြဲပက်စနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးစေရေး၊ တောင်သူအသိပညာပေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)