တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး အင်းလေးဒေသ ဇရပ်ကြီးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ညောင်ရွှေ ဩဂုတ် ၂၆

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ဒေသဖွံ့ဖြိုးရေးစီမံချက်အရ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက လေလာကျေးရွာအုပ်စု ဇရပ်ကြီးကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

အဆိုပါ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတွင် ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုယုက စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး  ဒေသအတွင်းအသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ (၁၄) ဦး၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၆) ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၂) ဦး၊ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ (၈) ဦး စုစုပေါင်း (၅၀) ဦးတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေမှ ငွေကျပ်(၃၀၀၀၀၀၀၀/-) ထုတ် ချေးပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ