တပ်ကုန်း ဩဂုတ် ၂၆
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းကကင်းသာကျေးရွာစိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်ဝင်းနှင့် ဝန်ထမ်းများ၊ ကင်းသာကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့် ဒေါ်ဇာခြည်ဝင်းတို့က မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြားကာ မဲပေးစက်နှစ်လုံးဖြင့် လက်တွေ့သရုပ်ပြမဲပေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျေးရွာပြည်သူများအား မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်