ကျောက်ဆည် ဩဂုတ်၂၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် မင်းစုအခြေခံပညာ အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
ဦးစွာ မင်းစုအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေက အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်နှင့်ရည်မှန်းချက်အကြောင်းများ ရှင်းလင်း ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဒေါ်ခင်ချို(သီတဂူ)ကျောက်ဆည်က လူငယ်နှင့်အချိန် စသည်တို့ကို အသိပညာပေး ဟောပြောသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသည့်ကလေးငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာကြသည်။
သက်မောင်(ကျောက်ဆည်)