စဉ့်ကိုင် ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ် သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာလဲ့လဲ့ထွန်းဦးစီး၍ သတ္တဗေဒဌာနမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၆၈)ဦးတို့သည် ဩဂုတ် ၂၆ရက် နံနက်ပိုင်းက ကူမဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်သည့် ပညာရပ် သင်တန်း(၁/၂၀၂၅)ကို စာတွေ့လက်တွေ့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထို့သို့လေ့လာရာတွင် ကူမဲမြို့နယ်ငါလုပ်ငန်းဦးစီးဌာနမှူး ဦးစောအောင်ကိုလတ်နှင့် ဒုတိယဦးစီးမှူး ဒေါ်ကေသီရွှေတို့က ကျောင်းသား/ကျောင်းသူများအား အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုး သားဖောက်သည့် ပညာရပ်နှင့် သက်ဆိုင်သည်များကို ရှင်းလင်းပို့ချသင်ကြားခဲ့ပြီး လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါ သင်တန်းကို ဩဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ လေ့လာပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)