ဥတ္တရသီရိ ဩဂုတ် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာမ ဇင်(ရန်ကုန်တက္ကသိုလ်) ရေးသားသော ရတနာထက် တန်ဖိုးရှိသည့်အရာ လူငယ်ဝတ္ထုတိုများ စာအုပ်ဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ ဖလှယ်ဆွေးနွေးနိုင်ရေးရည်ရွယ်ကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် စာရေးဆရာမ ဇင်(ရန်ကုန်တက္ကသိုလ်)က ရေသားဖော်ပြခဲ့သည့် အကြောင်းအရာများ ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ သဘာဝ၊ စာရေးဆရာ မောင်ရည်ကျော်(ရူပ)၊ စာရေးဆရာ အိုင်ပီမျိုးအောင်၊ စာရေးဆရာ မောင်အောင်ငွေ(ညောင် ခြေထောက်)၊ စာရေးဆရာ အညာသားဗထူးနှင့် စာရေးဆရာမ ချယ်ချယ်(YU) တို့က စာရေးဆရာမ ဇင်(ရန်ကုန်တက္ကသိုလ်) ရေးသားသော “ရတနာထက်တန်ဖိုးရှိသည့်အရာ လူငယ်ဝတ္ထုတိုများ” စာအုပ်ပါအကြောင်း အရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြပြီး စာရေးဆရာ၊ ဆရာမများက မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)