ကော့ကရိတ် ဩဂုတ် ၂၆
မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ကော့ကရိတ်မြို့၊ ဒေါနခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက အီလက်ထရောမဲပေးစက်၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲပေးစက်ကိုင်နည်းပြများက တက်ရောက်လာကြသည့် ကေ့ာကရိတ်မြို့ပေါ်ရှိ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရက်ကွက်ရှိ ဒေသခံပြည်သူ (၃၀၀) ဦးတို့အား လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်စေခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မဲပေးစက်ကိုင်နည်းပြများ၊ မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံမဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းများကို တက်ရောက်လာသူ မဲဆန္ဒရှင်ပြည်သူများ စမ်းသပ်လေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)