အောင်မြေသာစံ ဩဂုတ် ၂၆
မီးငြိမ်းသတ်ရေးနှင့်သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ပညာဆင့်ပွားမျှဝေခြင်းဖွင့်ပွဲကို ဩဂုတ် ၂၅ ရက် ညနေ ၆ နာရီက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက် (၈) ၈၉ လမ်း၊ ၈×၉ လမ်းကြားရှိ ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇေကိုကိုပိုင်၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ ဒုတိယတပ်ရင်းမှူး မြင့်ဇော်၊ တပ်ခွဲ (၃) တပ်ခွဲမှူး မောင်မောင် (ခ) ဇော်ဝင်းအောင်၊ ဒုတိယတပ်ခွဲမှူး စိန်ဌေး၊ သီရိမာလာအရှေ့ရပ်ကွက်၊ အရန်မီးသတ်တပ်ဖွဲ့မှ စခန်းတာဝန်ခံ၊ အရန်မီးသတ်တပ်ကြပ်ကြီး စိုပြေဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ ညောင်ကွဲရပ်ကွက်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အမရဌာနီအနောက်ရပ်ကွက်၊ မေဃဂီရီရပ်ကွက်၊ ဥပုသ်တော်ရပ်ကွက်တို့မှ တပ်စုမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၅၀ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ဒုတိယမီးသတ်ဦးစီးမှူး ဦးဇေကိုကိုပိုင်၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး မြင့်ဇော်တို့က အမှာစကားနှင့် မီးငြှိမ်းသတ်ရေးနှင့် သဘာဝဘေးရှာဖွေကယ်ဆယ်ရေး ပညာဆင့်ပွားမျှဝေခြင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြသည်။
အဆိုပါ မီးငြိမ်းသတ်ရေးနှင့်သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ပညာဆင့်ပွားမျှဝေခြင်း သင်တန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးအား မီး၏သဘော၊ သဘာဝနှင့်မီးအတန်းအစား၊ ရေဂါလံတွက်ချက်မှု၊ ရေပက်ဖျန်းသည့် နော်ဇယ်အသုံးပြုမှုနည်းပညာ၊ အသက်ရှူကိရိယာ၊ အခြေခံကြိုးချည်နည်း၊ အထပ်မြင့်ကယ်ဆယ်ရေးပညာ၊ ရေတွင်းကယ်ဆယ်ရေးပညာ၊ ငလျင်ကယ်ဆယ်ရေးပညာများအား ဩဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ (၁၀) ရက်ကြာ မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)