ချမ်းမြသာစည်မြို့နယ် အထက(၃၅)တွင် လူငယ်ရေးရာအသိပညာပေး

ချမ်းမြသာစည်  ဩဂုတ် ၂၆

အနာဂတ်၏ လူငယ်များထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲက အမှတ်(၃၅) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

 အခမ်းအနားတွင်  အမှတ် (၃၄)အထက ကျောင်းအုပ်ကြီးကိုယ်စား တာဝန်ခံဆရာမကြီး ဒေါ်သန်းသန်းဦးက အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်နှင့် စာရိတ္တ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဝင်းက လူငယ်နှင့်‌ အားကစားခေါင်းစဉ်တို့ဖြင့် ဆွေးနွေးသည်။ ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းထွန်းက လက်ခံယူသည်။ ဟောပြောပွဲ အပြီးတွင် ကျောင်းသား/ကျောင်းသူများသည် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင် ခင်းကျင်းပြသ ထားမှုများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ချမ်းမြေ့ (ချမ်း/စည်)