ပြင်ဦးလွင် ဩဂုတ် ၂၆
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်၉နာရီခွဲက တိုးကြီးကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ဟောပြောပွဲရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက “လူကုန်ကူးမှုအန္တရာယ်”၊ မြန်မာစာပေယဥ်ကျေးမှုအသင်းဥက္ကဌ စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့် အနာဂတ်နိုင်ငံတော်”ခေါင်းစဉ်တို့ဖြင့်ဟောပြောဆွေးနွေးသည်။ အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ များ တက်ရောက်သည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)