ချမ်းအေးသာစံ သြဂုတ် ၂၆
ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အတွေးအခေါ်များမြင့်မားစေရေး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ပူးပေါင်းကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၄၀ ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ချီးမြှင့်ကြောင်းသိရသည်။
ချမ်းမြေ့မောင်